နားထောင်တတ်သူကောင်းတစ်ယောက်ဖြစ်ဖို့ အချက် ( ၅ ) ချက်



လုပ်ငန်းခွင်မှာအဆင်ပြေအောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် နားထောင်တတ်ဖို့လိုပါတယ်။ 

ဆက်ဆံရေးကောင်းသူ တစ်ယောက်ဖြစ်ဖို့အတွက် နားထောင်တတ်ဖို့လိုပါတယ်။

ဒါကြောင့်မို့ နားထောင်တတ်သူတစ်ယောက်ဖြစ်ဖို့လိုအပ်ချက်လေးတွေကို ပြောပြလိုက်ပါတယ်။

၁ ) ကိုယ့်အလှည့်ကိုစောင့်ပါ

လုပ်ငန်းခွင် မှာ ကြား ဖြတ်ပြောတတ်တာဟာ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ တကယ်လို့ကိုယ်ကြား ဖြတ်ပြောလိုက်တဲ့စကားကြောင့် အကျိုးကျေးဇူးတစ်ခုရှိမယ်၊ အဲဒီလိုကြားဖြတ်ပြောဖို့အတွက် မဖြစ်မနေ လိုအပ်ချက်ရှိနေတယ် ဆိုတဲ့ အချိန်မျိုးမှာတောင်မှ ဘယ်လိုအချိန်မျိုးမှာကြားဖြတ်ပြီးပြောသင့်လဲဆိုတာက ရှိသေးပါတယ်။ ပြောချင်တိုင်း ပြောလို့မရနိုင်ပါဘူး။

( ၂ ) စိတ်ဝင်စားကြောင်းအမူအရာနဲ့ပြသပါ။ 

သတိထားရမှာက ကိုယ်ရဲ့ကိုယ်ဟန်အမူအရာပဲဖြစ်ပါတယ်။ အချို့သောအမူအရာတွေ ဥပမာ သမ်း ဝေခြင်း၊ လက်ပတ်နာရီ ဒါမှမဟုတ်ဖုန်းလေးခဏထုတ်လိုက်ပြီးနာရီကြည့်ခြင်း၊ စကားပြောနေတဲ့သူကိုမကြည့်ဘဲ အခန်းထဲကိုဝေ့ဝိုက်ကြည့်လိုက်ခြင်းစတာတွေဟာ ကိုယ့်ဘက်ကမရည်ရွယ်ပေမယ့် သူပြောနေတဲ့စကားကို စိတ်မဝင်စားဖူးလို့ပြောလိုက်သလိုဖြစ်နေတယ်ဆိုတာ သိထားသင့်ပါတယ်။  ကိုယ်ကိုတခြားသူတစ်ယောက်က အဲဒီလိုပြုမူမယ် ဆိုရင် ကြိုက်မလားပေါ့။ ဒါကြောင့်မို့လို့ မရည်ရွယ်ဘဲဖြစ်စေ၊ တမင်ရည်ရွယ်ပြီးပဲဖြစ်စေ ကိုယ်နေဟန်အမူအရာကို ဂရုစိုက်ဖို့၊ တစ်ဖက်လူရဲ့ပြောစကားကို ဂရုစိုက်နားထောင်နေကြောင်းသက်သေပြဖို့ိလိုအပ်ပါတယ်။

( ၃ ) ကိုယ့်စိတ်ကြိုက်ကြီးပဲလုပ်ဖို့မစဉ်းစားပါနဲ့

ဘယ်လောက်ပဲလုပ်ငန်းအတွေ့အကြုံတွေ၊ အသိပညာတွေ၊ စွမ်းရည်တွေ များပြားသည်ဖြစ်စေ၊ ကျနော်တို့ကျင်လည် ရတဲ့ကမ္ဘာဟာကျဉ်းကျဉ်းလေးပါ။ တခြားသူတွေရဲ့ စိတ်ကူး၊ အကြံဉာဏ်တွေကို ကိုယ့်ဆီဝင်လာခွင့်မပေးဖူးဆိုရင် အဲဒီအဖြစ်မျိုးနဲ့ကြုံရဖို့ပိုများတာပေါ့။ တခါတလေ နေရာတစ်ခုမှအကြာကြီးနေဖြစ်လာပြီဆိုရင် အပြောင်းအလဲ ကလေးတစ်ခုလောက်လုပ်ဖို့တောင် ကိုယ်ကိုယ်တိုင်က တွန့်ဆုတ်နေတာမျိုးလဲကြုံရပါလိမ့်မယ်။  ဘာ့ကြောင့်အဲဒီ လိုတွန့်ဆုတ်တာပါလဲ။ အရာရာဟာပြောင်းလဲနေတယ်ဆိုတာကို လက်မခံနိုင်တဲ့သူကကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေတတ် ပါတယ်။ 

( ၄ ) သူများစိတ်ကူးကိုလဲ ထည့်တွက်ပါ။ 

 အကောင်းဆုံးရလာဒ်တစ်ခုရဖို့အတွက် လိုအပ်လာရင် ရံဖန်ရံခါ ငြင်းခုန်ပြော ဆိုရတာတွေလဲ ရှိလာမှာဖြစ်ပါတယ်။သူ့စိတ်ကူးကလည်း ကိုယ့်ထက်ကောင်းတဲ့ အရာတွေဖြစ်နေတက်ပါတယ်။ 

( ၅ ) အဓိကအချက်ကို သိအောင်လုပ်ပါ။

အစည်းအဝေးတစ်ခုတက်လိုက်ပြီး ဘာတွေပြောသွားမှန်း အ သေးစိတ်ကိုမသိလိုက်တာ၊ ဘာတွေဆုံးဖြတ်ချက်ကျသွားမှန်းမသိလိုက်တာမျိးကြုံဖူးပါသလား။ ဒါပေမယ့် ကိုယ်ကလဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ ( မေးခွန်းမမေးလိုက်ပဲ ) နေလိုက်တဲ့အခါမျိုးပေါ့။ အစည်းအဝေးတစ်ခုလုံးကလဲ ပြောနေတဲ့လူအသံကလွဲပြီးတိတ်ဆိတ်လို့ပေါ့။ အဲဒီလိုမျိုး တိတ်ဆိတ်နေတယ်ဆိုတာ တကယ်တော့ မေးခွန်း မေးမယ့် လူမရှိလို့ပါ။ မေးခွန်းမမေးဘူးဆိုတိုင်းလဲ လူတိုင်းနားလည်သွားတယ်လို့ယူဆလို့မရဘူးပေါ့။ 

ရှင်းလင်းအောင်ပြန်မေးမြန်းတယ်ဆိုတာ တကယ့်ကိုယ်လုပ်ဆောင်ရမယ့် လမ်းညွှန်ချက်ကိုတိကျပြတ်သား စွာသိချင်လို့၊ သေချာချင်လို့ဆိုတဲ့သဘောပဲဖြစ်ပြီး  ပြဿနာရှာတာမဟုတ်ပါဘူး။ မမေးမြန်းဘဲ ကိုယ်ထင်သလိုကိုယ်လုပ်လိုက်တာကမှသာ တကယ့်ပြဿနာဖြစ်ပါတယ်။ 

မင်းခေါင် ( Amara Consulting )












Comments